ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုးသည်းထန်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း ဘောင်ရေလျံခြင်းနှင့် ချောင်းဘောင်များကျိုးပေါက်ခြင်း နေရာအားသွားရောက် ကြည့်ရှု

ကျိုင်းတုံ   သြဂုတ်   ၂၁

သြဂုတ်လ (၁၃)ရက်နေ့ ကျိုင်းတုံမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း ဘောင်ရေလျံခြင်းနှင့် နမ့်လပ်ချောင်း ဘောင်များကျိုးပေါက်ခြင်းနေရာအား သြဂုတ်(၁၉)ရက် နံနက်(၁၀)နာရီခွဲက အဆိုပါနေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ကလိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ် တွင် မော်တော်ဆိုင်ကယ်လိုင်စင်များ ဆောင်ရွက်ပေးနေမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ (e-IDလုပ်ငန်း) အိမ်ထောင်စု လူဦးရေပုံစံ(၆၆/၆) များအား Software Progran အတွင်းသို့ ထည့်သွင်းမည့် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိဝန်ထမ်းမှ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)များအား Software program အတွင်း ထည့်သွင်းခြင်းတွင် ကျိုင်းတုံမြို့နယ်၌လုပ်ငန်းစတင်သည့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့မှ သြဂုတ်လ (၁၈)ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေမှာဆောင်ရွက်ရန်အိမ်ထောင်စု(၃၄၁၂၂)ရှိ၍ပြီးစီးမှုရာခိုင်နှုန်းမှာ (၁၈.၉၇%) ရာခိုင် နှုန်းဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)