မိုင်းလား သြဂုတ် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို သြဂုတ်(၂၀)ရက် မွန်းတည့်(၁၂)နာရီက မိုင်းလားမြို့ တိုင်းရင်းသားကွင်း၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို လာရောက်ကြည့်ရှုစစ်ဆေး၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အထူးဒေသ-၄ (မိုင်းလား) အတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးထားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို တက်ရောက်အားပေး ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်မေလ(၃)ရက်မှ ၂၀၂၂ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့အထိ ဆောင်ရွက်ရန် (၅၄၀၆၃)ဦးရှိသည့် အနက် (၆၃၃၂၆)ဦးဆောင်ရွက်ပေးပြီးဖြစ်သည့် အတွက် (၁၁၇.၁၃)ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ရာ မြို့နယ်(၁၁)မြို့နယ်ရှိသည့် အနက် (၉)မြို့နယ်မှာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး မိုင်းယန်းမြို့နယ်နှင့် မက်မန်းမြို့နယ်များမှာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရှိရပြီး ရာနှုန်းမပြည့်မီရသည့် အကြောင်းမှာ UWSA `ဝ´အဖွဲ့အတွင်း နိုင်ငံသားလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နိုင်ခြင်း မရှိသေးသည်ကို သိရပါကြောင်း၊ အထူးဒေသ-၄ (မိုင်းလား)တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပြီးစီးမှုကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ၂၀၂၂ဇူလိုင်လ(၇)ရက်နေ့မှာ (ပထမ)အကြိမ်အဖြစ် တိုင်းရင်းသား(၈၃၁၆)ဦး၊ ကိုးကန့်လူမျိုး(၁)ဦး၊ စုစုပေါင်း(၈၃၁၇)ဦး ပေးအပ်ခဲ့ပြီး ယခုပေးအပ်မှာကတော့ တိုင်းရင်းသား(၂၀၂၂၈)ဦး၊ ကိုးကန့်လူမျိုး(၆၅၆)ဦး၊ စုစုပေါင်း(၂၀၈၈၄)ဦး ဖြစ်သောကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စုစုပေါင်း (၂၉၂၀၁)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်စီမံ ချက်ဖြစ်သည့် ပန်းခင်းစီမံချက်ကို အောင်မြင်ပူးပေါင်း ကူညီပေးကြသည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ အထူးဒေသ-၄(မိုင်းလား)ဥက္ကဋ္ဌကြီးနှင့် ဗဟိုကော်မတီဝင်များ တာဝန် သူများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် Volunteerများ၊ဒေသခံတိုင်းရင်းသားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျာ်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌဦးစန်ပေ့၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အမြဲတမ်း ကော်မတီဝင်၊ စစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလော်ချန်ပေါက်၊ အထူးဒေသ(၄)ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ အတွင်းရေးမှူး-၂ ဦးအားလူ၊ ပြည်နယ်ယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့မှ ဆီလူးဒေသ၊ နမ့်ပန်းဒေသအတွင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြပြီး အထူးဒေသ(၄)မိုင်းလားသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှု အခြေအနေအား ဒုတိယပြည်နယ်ဦးစီးမှူး ဦးထိန်လင်းမှ ရှင်းလင်းတင်ပြ၍ အထူးဒေသ(၄)ငြိမ်းချမ်းရေးနှင့်စည်း လုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)