ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဟိုပုံး   ဩဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့တို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီး ဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင်သိရှိလိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်အသုံးပြုရာတွင် ပေါ့ဆ စွာ အသုံးပြုခြင်း ကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားသော အသက်အန္တရာယ်များ၊ ညအချိန်တွင် ဆိုင်ကယ်များ မီးဖွင့်မောင်းနှင်သွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့် သည့် အချက်တို့ကို အသိပညာပေး‌ပြောကြားပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)