နောင်ချိုမြို့နယ် သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဗလာစာအုပ်(၅၀၀)ဒါဇင်၊ လက်ဆွဲအိတ်နှင့်သင်ထောက်ကူပစ္စည်းများလှူဒါန်း

နောင်ချို ဩဂုတ်  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ  ဗလာစာအုပ်(၅၀၀)ဒါဇင်၊ လက်ဆွဲအိတ်နှင့် သင်ထောက်ကူပစ္စည်းများကို  ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော ဗလာစာအုပ်များ၊ လက်ဆွဲအိတ်နှင့် သင်ထောက်ကူပစ္စည်းများကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သဖန်းကိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ရှင်သာမဏေ စုစုပေါင်း ၃၃၀ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြည့်ကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)