ချမ်းမြသာစည် ဩဂုတ် ၂၀
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ဒေါက်တာ နီနီအေးနှင့် တာ၀န်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကလေးပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဆိုင်တစ်ချို့၌ ရောင်းချခြင်းမပြုရန် တားမြစ်ထားသည့် similac /Pedia sure/a 2 စသည့် ကလေးအာဟာရမှုန့်များအား တွေ့ရှိသဖြင့် ဆိုင်ရှင်အား ၄င်းပစ္စည်းများကို မရောင်းချရန်နှင့် ရောင်းချပါက ဥပဒေအရ အရေးခံရမည် ဖြစ်ကြောင်း အသိပညာပေး၍ ပထမအကြိမ် အသိပေး ခံဝန်ရေးထိုး ထားရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)