မရမ်းကုန်းမြို့နယ်၌ ပြည်သူများအတွက် စားအုန်းဆီများအား သက်သာ​သော​​စျေးနှုန်း ​ဖြန့်ဖြူးရောင်းချ

မရမ်းကုန်း သြဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်လမ်းညွှန်မှုဖြင့် မရမ်းကုန်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စာသုံးသူရေးရာ ဦးစီးဌာတို့ ပူးပေါင်း၍ MEICO စားသုံးဆီ အများပိုင်ကုမ္ပဏီ လီမီတက်က ယမန်နေ့ မွန်းလွဲပိုင်းတွင်  စားသုံးသူ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ဆီ ၁ ပိဿာ ၄၃၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ ၂၀၀ အား အမှတ်()    ရပ်ကွက်၊ ​အောင်မင်္ဂလာ​ ကျောင်းလမ်းရှိ အမှတ်()ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး၌ ရောင်းချပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချရာနေရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)