တာချီလိတ်မြို့၌ ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွား

တာချီလိတ်  ဩဂုတ် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပုံလို့လမ်း လားဟူစျေးအနီးရှိ ကြီးမြတ်သော ရွှေမြင်းကလပ် အတွင်းရှိ အခန်းအား ပြင်ဆင်ရန် ဝရိန်ဆော်ရာမှ ၀ရိန်အိုး ပေါက်ကွဲကာ ယမန်နေ့ညနေ ၄ နာရီခန့်က မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးညွန့်ကျိုးသွားပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊  မီးလောင်မှု‌ကြောင့် လက်အရေပြား လောင်သည့် ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင် ကုသပေး လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)