မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး ကျောက်ဆည်ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေးအတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

ကျောက်ဆည် ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အဆင့် ၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို ယမန်နေ့ ညနေ(၄)နာရီခွဲက မြို့တော်ခန်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မျိုးသိန်း၊   အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန်နှင့် အဖွဲ့ဝင်များက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ(၁၀-၁၅)နှင့်(၁၅-၂၀)နှစ်၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သူများနှင့် အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ဆည်ခရိုင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် ငွေကျပ်သိန်း(၃၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အနေဖြင့်ကျောက်ဆည်၊စဉ့်ကိုင်၊တံတားဦး၊မြစ်သားမြို့နယ်များမှ(၂၃)ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၂၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်(၃၁)ဦးအား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်