ကျောက်တံတား ဩဂုတ် ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အိမ်တွင်းလက်မှုပညာ (Bow) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ် ဦးစီးမှူး ဒေါ်ရွှေဇင်ခိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ခိုင်သဇင်ကျော် က သင်တန်းသားများအား အိမ်တွင်းလက်မှုပညာ (Bow)ပြုလုပ်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ သင်တန်းနည်းပြက ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သိရသည်။
ရွှေဇင်ခိုင်