ချောင်းဆုံ ဩဂုတ် ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၁၇ ရက်နေ့က ကလော့ကျေးရွာ တောင်စောင်းမြေနံရံပြိုကျမှုဖြစ်ပွားရာ နေအိမ်အချို့ ပျက်စီးခြင်း လူသွားလမ်းပေါ်တွင် မြေစာများပိတ်ဆို့ခြင်းဖြစ်ပေါ်နေမှု အခြေအနေအား ယမန်နေ့က တာရှိသူများက ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းရေးလုပ်ငန်းများကို ဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များ၏ အိမ်ထောင်ပစ္စည်း များကို ကယ်ဆယ်ကူညီဆောင်ရွက်ပေးခြင်း၊ လမ်းပေါ်တွင် မြေစာပိတ်ဆို့နေမှုအား ရှင်းလင်းရေးလုပ်ငန်းများကို အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖပြည်သူများ စုစုပေါင်းအင်အား(၈၀)ဦးခန့် ပူးပေါင်းပြီး ကူညီကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)
၀၅၇၈၀၀၆၂၏