ကျိုက်မရောမြို့၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေမှု ဆက်လက်ဆောင်ရွက်

ကျိုက်မရော      စက်တင်ဘာ  

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ် ထိန်းချုပ်နိုင်စေရန်၊ ပြည်သူ များအား အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များစနစ်တကျ တပ်ဆင် ကြစေရန် ပညာပေးခြင်းနှင့် လူတစ်ဦးလျှင် Mask နှစ်ခုစီ အခမဲ့ဖြန့် ဝေပေးခြင်းကို မန်နေ့နံနက် နာရီက ကျိုက်မရော- မုဒုံသွား ကားလမ်းမပေါ်ရှိ ( ရွှေဟင်္သာ)ရုပ်တု အဝိုင်းရှေ့၌  ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ကျိုက်မရောမြို့နယ်  ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများတို့မှ ပူးပေါင်း ကျိုက်မရော- မုဒုံ သွား မော်တော်ယာဉ်များ၊ ဆိုင်ကယ်မောင်းသူများအား နှာခေါင်းစည်း(Mask) များ  စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်းတစ်ခုကို အကြိမ်ကြိမ် အသုံးမပြုမိစေရန် လူတစ်ဦးလျှင် (Mask)  ခုစီ အခမဲ့ဖြန့် ဝေပေးခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)