ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆွေးနွေး

ညောင်ရွှေ      စက်တင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ဆက်လက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နေမှုများ၊ အခြားဒေသမှ ပြန်လာသူများကို Facility Quarantine ထားရှိရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ သတင်း ပေးပို့ရေးနှင့် ကျန်းမာရေးစစ်ဆေးမှုခံယူရေး၊ Quarantine ထားရှိသူများကို အာခေါင်နှင့် နှာခေါင်း တို့ပတ် (Oropharyngeal and Nasopharyngeal Swab)ဓာတ်ခွဲနမူနာများ ရယူရေး၊ အပြင်ထွက် သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကုန်တင်ယာဉ်ကြီးများ ဝင်ထွက်သွားလာမှု စနစ်တကျ ကြီးကြပ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်