အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်   ဩဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပြီး ရရှိနိုင်မည့် ကောင်းကျိုးများ အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးမြင့် တို့က ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံသင့်သည့် အကြောင်းနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေး အမျိုးအစားများအကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရမည့်အကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို မည်သည့် အသက်အရွက်မှစတင်ကာ ထိုးနှံပေးသည့်အကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆောင်ရွက်ချက်များနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်း အသိပညာပေး သိကောင်းစရာများကို ပြည့်စုံစွာ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)