မဟာအောင်မြေ ဩဂုတ် ၁၉
မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၈၃ လမ်း၊ ၄၄×၄၅ လမ်းကြားရှိ အောင်ချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ရွှေဘုန်းရှိန်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒု-ဗိုလ်မှူးကြီး သော်တာထွေးမှ ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များအား တင်ပြပေးစေလိုကြောင်း၊ ရပ်ကွက်နေ ပြည်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားပေးစေ လိုကြောင်း ပြောကြားခဲ့ပြီး မစဖအဖွဲ့ဝင်( ၁) ဗမဆွေလွင်အောင် မှ ရပ်ကွက်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ မစဖအဖွဲ့ဝင်( ၂) ဦးထွန်း ထွန်းဝင်းမှ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် လင်းခိုင်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရပ်ကွက်နေပြည်သူလူထု၏ လိုအပ်ချက်များအား ပေါင်းစပ်ဖြေရှင်းပေးနိုင် ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ရပ်ကျေးဥပဒေပါ လုပ်ငန်းစဥ်းများအား ရှင်းလင်းခြင်းအား လည်းကောင်း၊ လဝကမှူး ဦးသန့်ဇင်မှ လဝကလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒု-မြို့နယ်မီး သတ်ဦးစီးမှူး ဦးနေလင်းအောင်မှ မီးငြိမ်းသတ်ရေးနှင့် ကယ် ဆယ်ရေးလုပ်ငန်းစဉ်များအားလည်းကောင်း၊ ဒု-မြို့နယ်ပညာရေးမှူး ဒေါ်အိအိဖြူမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံရေးနှင့် ကျောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ LHV ဒေါ်စုစုဌေးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဥ်းများနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ စခန်းမှူး ဒုရဲမှူးကျော်မိုးမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုဝင်းမှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ် များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ လိုအပ်သည်များ ပြန်လည်တင်ပြခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိ သူများမှ ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ၊ မြို့မိမြို့ဖများ အင်အား(၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း