ကော့မှူးမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကော့မှူး  ဩဂုတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် က ပြည်သူ့များ မျောက်ကျောက်ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍အသိပညာပေး Talk Show များကို အစဉ်အမြဲကျင်းပဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်အသိပညာပေး Talk Show တွင် မြို့နယ်စာရေးဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးခင်ဇော် (ခင်ဇော်ကော့မှူး) က မျောက်ကျောက်ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ (သို့မဟုတ်) တရိစ္ဆာန် (သို့မဟုတ်) အရာဝတ္တုပစ္စည်းများနှင့် ကိုင်တွယ်ခြင်းထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မျောက်ကျောက်ရောဂါသည် လက်ရှိနိုင်ငံပေါင်း ၈၉ နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း (၂၇၈၁၄)ဦး ရှိကြောင်း၊ အဆိုပါရောဂါသည် ဥရောပနှင့် အမေရိကန်နိုင်ငံတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း၊ မျောက်ကျောက်ရောဂါ၏ လက္ခဏာများမှာ ဖျားနာခြင်း၊ ယားဖုများထွက်ပေါ်လာခြင်းနှင့် ကိုယ်တွင်းထွက် အရည်ကြည်ဂလင်းများ ရောင်ရမ်းလာခြင်းနှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ