ချမ်းမြသာစည် ဩဂုတ် ၁၉
မန္တလေး၊ချမ်မြသာစည်မြို့နယ်၊ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၉ နာရီက ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် အထကခွဲ(၁၃)မှကျောင်းအုပ် ဆရာကြီးဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သူနာပြုတက္ကသိုလ်ကျောင်း(မန္တလေး)မှ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်သူဇာသိန်းက ကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူများမှ ကျန်းမာရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သူနာပြုတက္ကသိုလ်(မန္တလေး)မှသင်တန်းသူ မမေသန္တာက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲ အခမ်းအနားသို့ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်ခင်သူဇာသိန်း၊ အထကခွဲ(၁၃)ကျောင်းအုပ် ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ /ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း