ရခိုင်ပြည်နယ် မောင်တောမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင်ပြိုလဲ

မောင်တော ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လသာရပ်ကွက်တွင် သစ်ပင်ကြီး တစ်ပင်ပြိုလဲပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး  ဈေးဆိုင်ခန်းများပေါ်သို့ လဲကျနေသော ညောင်ပင်ကြီးအား ပြည်သူများ အနှောင့်အယှက် မဖြစ်ပေါ်စေရေးအတွက်  အချိန်နှင့်တစ်ပြေးညီ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ညောင်ပင်ကြီး ပြိုလဲကျမှုကြောင့် ဈေးဆိုင်ခန်း(၃)ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အမျိုးသား (၃)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသဖြင့် မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)‌