တွံတေး သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အများပြည်သူအားခရီးသည် ပို့ဆောင်နိုင်ရေးအတွက် တွံတေး-လှိုင်သာယာ (BOC)၊ တွံတေး-ဒလမြို့နယ်များသို့ YBS 23 ယာဉ် ပြေးဆွဲမည့်လမ်းများပျက်စီးချို့ယွင်းမှု၊ ယာဉ်ရပ်နားမည့်ယာယီနေရာများအား တာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရီးသွားပြည်သူလူထု YBS 23 ယာဉ်လိုင်းဖြင့် တွံတေး - လှိုင်သာယာ (BOC)၊ တွံတေး - ဒလ သို့ လမ်းခရီးအဆင်ပြေစွာ ခရီးသည်သယ်ယူပို့ဆောင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇာနည်မောင်၊ လမ်းဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးဝင်းကို နှင့်ဋ္ဌာနမှတာဝန်ရှိသူများနှင့်အတူ ယာဉ်ပြေးဆွဲပေးမည့်လမ်းများ ပျက်စီးချို့ယွင်းမှု၊ ယာဉ်ရပ်နားမည့်ယာယီနေရာများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ပြင်ဆင်ဆောင်ရွက်နိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား