ဒလ သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ဌာနဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် စီမံအုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက်လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း Software ရေးသွင်းရာတွင် သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သတ်မှတ်ချက်အတိုင်း ဆေးထိုးနှံပြီးစီးထားရန်လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင်း ဘောလုံးအားကစား ကွင်းများထားရှိရန် လိုအပ်ကြောင်း၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် နေကြာစိုက်ပျိုးရန်အတွက် ရေလုံလောက်မှု ရှိစေရန်လိုအပ်ကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ရုံးဥပဓိရုပ်ကောင်းမွန်အောင် ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးကိစ္စများ ဆောင်ထားရန်လိုအပ်ကြောင်း ဆွေးနွေး မှားကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းအောင်က ဌာနဆိုင်ရာများအနေဖြင့် လူလုံခြုံရေးနှင့် ဌာနပိုင်ပစ္စည်း လုံခြုံရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်နိုင် မည့် လုပ်ငန်းများကို ပြန်လည်ဆွေနွေးခဲ့ကြကြောင်း သိရသည်။
သီတာဝင်း(ပြန်ဆက်)