မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် ငွေစာရင်း၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူးနှင့် IP Networking သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  သြဂုတ် ၁၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် ငွေစာရင်းသင်တန်း အမှတ်စဉ်(၁၈/၂၀၂၂) ဒုလက်ထောက်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၄၅/၂၀၂၂)နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်က အောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ၎င်းသင်တန်းများတွင် ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူသင်တန်းသားများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)