သထုံ သြဂုတ် ၁၉
မွန်ပြည်နယ်၊ သထုံမြိုရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးမင်းမင်းရှိန်က လူငယ်များ ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ ကျောင်းသား၊ ကျောင်းသူများ သိထားသင့်သည့် အားကစားနည်းများ၊ အားလပ်ချိန်၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောဆွေးနွေးပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ လူငယ်များများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်က လက်ခံရယူခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)