ချီဖွေ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁)နာရီခွဲက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိတို့၏ ဉာဏ်ရည် ဉာဏ်သွေးထက်မြက် စေရန်နှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြား ပြီးနောက် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြရာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က မိမိတို့စိတ်ကြိုက်ပန်းချီဆွဲခြင်းကို စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ဆရာမ ဒေါ်လွန်းနန်းတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရ သည်။
ယင်းနောက် ကျောင်းသာ၊ ကျောင်းသူများအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ တွေမျှဝေနိုင်ရန်၊ စာပေလေ့လာဖတ်ရှုနိုင်ခြင်းမှ ရည်မှန်းချက်မြင့်မားစေရန်၊ ဘဝပန်းတိုင်ကောင်းမွန် ခိုင်မာစွာ လျှောက်လှမ်း တတ်စေရန်နှင့် စာအုပ်စာပေများ ချစ်ခင်မြတ်နိုးတတ်စေဖို့ သုတ/ရသ စာအုပ်စာစောင်များပြပွဲကို ခင်းကျင်း ပြသထားရာ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မေခမွန်(ပြန်/ဆက်)