မုဒုံမြို့နယ်ရှိ ဆည်များအတွင်း ငါးသားပေါက်ကောင်ရေ ခြောက်သောင်း ငါးမျိုး စိုက်ထည့်

မုဒုံ သြဂုတ် ၁၉

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသအတွင်း ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  မုဒုံမြို့နယ်ရှိ  အဇင်းဆည်နှင့်  ဝင်းဖနုံဆည်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ငါးမျိုးများ စိုက်ထည့်ရာတွင်  မုဒုံမြို့နယ်  တပ်နယ်မှူး  ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းဇော်နှင့် ဝန်ထမ်းများ၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်ငါးမျိုးစိုက်ထည့်ကြီးကြပ်

ကွပ်ကဲရေးကော်မတီ ဌာနဆိုင်ရာများက  သထုံငါးသားပေါက်စခန်းမှ ငါးမြစ်ချင်း၊​ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးငါးသားပေါက်များကို အဇင်းဆည်အတွင်း သုံးသောင်း၊ ဝင်းဖနုံဆည်အတွင်း သုံးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ခြောက်သောင်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)