တောင်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်ကျိုးကျမှုဖြစ်ပွား   

တောင်သာ ဩဂုတ် ၁၉

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၄၅)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်မီးတိုင်း (၂) တိုင် ကျိုးကျခဲ့ပြီး ကျေးရွာ (၃၂) ရွာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကျောဇီကျေးရွာသို့ ပို့လွှတ်သည့် 11KV မီးလိုင်းပေါ်သို့ ကုက္ကိုပင်လဲကျသဖြင့် ကွန်ကရစ်တိုင်(၂)တိုင်ကျိုးကျကာ ဆက်စပ်လျက်ရှိသည့် ကျေးရွာ(၃၂)ရွာတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး အမြန်ဆုံးပြန်လည် မီးလင်းနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးချစ်အေးနှင့် ဝန်ထမ်းများမှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)