ကွမ်းလုံမြို့၌ ဆောင်းနေကြာသီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေးသင်တန်း အခမ်းအနားကျင်းပပြုလုပ်

ကွမ်းလုံ ဩဂုတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ဆောင်းနေကြာသီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေးသင်တန်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကွမ်းလုံမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးလွင်မှ ကွမ်းလုံမြို့နယ်၏ ဆီထွက်သီးနှံစိုက်ပျိုးမှုအခြေအနေနှင့် နေကြာသီးနှံစိုက်ပျိုးမည့် အစီမံများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးဇော်မှ နေကြာစိုက် တောင်သူများအားပံ့ပိုးကူညီမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဆီထွက်သီးနှံ နေကြာမျိုးစေ့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာစိုက်ပျိုးမည့် တောင်သူအသီးသီးက လက်ခံရယူခဲ့ကြသည်။ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမှုကို တာပေါင်းပေါင်းကျေးရွာအုပ်စုတွင် ၄ ဧက၊ နမ့်ကျွမ်းကျေးရွာအုပ်စုတွင် ၃ ဧက၊ ဝေါခြုံကျေးရွာအုပ်စုတွင် ၃ ဧက၊ တာရွှေထန်ကျေးရွာ အုပ်စုတွင် ၄ ဧက၊ ပြိန်းရဲကျေးရွာအုပ်စုတွင် ၂ ဧက၊ ဖာဖိန်ကျေးရွာအုပ်စုတွင် ၂ ဧက၊  ကန်မိန်း ကျေးရွာအုပ်စုတွင် ၄ ဧက၊ ပန်ဟိုင်ကျေးရွာအုပ်စုတွင် ၃ ဧက၊ နမ့်ကျင်စံကျေးရွာအုပ်စုတွင် ၂ ဧက၊ နောက်မွန်ကျေးရွာအုပ်စုတွင် ၂ ဧက၊ တပ်တူကျေးရွာအုပ်စုတွင် ၂ ဧက၊ မန်ခါးကျေးရွာအုပ်စုတွင် ၃ ဧက၊ ရှောင်တိလင်ကျေးရွာအုပ်စုတွင် ၂ ဧက၊ ကုန်းညောင်ကျေးရွာအုပ်စုတွင် ၁၀ ဧကနှင့် ကောင်းကျဲကျေးရွာအုပ်စုတွင် ၁၀ ဧက စုစုပေါင်း (၅၆)ဧကကို တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)