ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ငါန်းဇွန် ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို မိဘပြည်သူများသိရှိစေရန် ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်ကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ရောဂါလက္ခဏာ မပြသူများထံတွင်လည်း ရောဂါပိုးကူးစက်ခံရမှုများရှိနေခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးကြိုတင်ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့်ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော၊ ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာတစ်ခုခုရှိခြင်းတို့ကို ကြိုတင်ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေ့စဉ်ပုံမှန်ဘဝ၌ ကျင့်သုံးလိုက်နာဆောင်ရွက်နေရသော ကိုဗစ်-၁၉ ရောဂါတစ်ကိုယ်ရည်ကာကွယ်ရေးစည်းကမ်းချက်များအနက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ မဖြစ်မနေတပ်ဆင်ကြရန်လိုအပ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)