မန္တလေးခရိုင် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနတွင် HIV ပိုးထိန်းဆေး(အေအာတီ)သောက်ဆေးများကို ယနေ့နံနက်(၉)နာရီအချိန်က ပြည်သူများအား (အခမဲ့)ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
HIV ပိုးထိန်းဆေး(အေအာတီ)သောက်ဆေးများကို ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တာရကျန်းမာရေးဝန်ကြီးဌာနတွင် အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် နံနက်(၉)နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိပြီး မြို့နယ်ဆရာဝန် ဒေါက်တာနှင်းဇော်သိန်းမှ ဆေးထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ဆေး၏အကျိုးအာနိသင်များကို ရှင်းလင်းပြောကြား ပေးခဲ့သည်။
အဆိုပါဆေးများသည် အမြဲတမ်းသောက်သုံးရသောဆေးဖြစ်ပြီး ဆေးများကို(၁)ခါထုတ်လျှင် (၃)လစာ သို့မဟုတ် (၆)လစာ ထုတ်ပေးလျက်ရှိကြောင်းနှင့် HIV ပိုးထိန်းဆေး(အေအာတီ) သောက်ဆေးလာရောက်ထုတ်ယူသူ (၁)ရက်လျှင် လူဦးရေ(၁၀၀)ဦးကျော်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ဒေသန္တာရကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ကျော်ကျော်အောင်