မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်တန်ဖိုး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မိုင်းငေါ့ ဩဂုတ် ၁၉

ရှမ်းပြည်နယ်၊(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံ(၁၀)နာရီအချိန် လူငယ်နှင့်တန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်နှင့်တန်ဖိုးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယခုလိုဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ဆောင် ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း မှအထက်တန်းပြ ဆရာမဒေါ်နန်းထွေးလင်ကြည်က လူတွေရဲ့ သက်တမ်းဟာ အချိန်ကျရင်အကြောင်းလေးပါးမှာ တစ်ခုခုနဲ့ကုန်ခဲ့ကြမှာ ဖြစ်ကြောင်း၊ ဒီလိုသက်တမ်း မကုန်ခင်လေးမှာ မိမိနေထိုင်တဲ့ဘဝကိုတန်ဖိုးရှိစွာ ပြုမှုနေထိုင်သွား ဖို့အရေးကြီးကြောင်း၊ ဒါမှ တန်ဖိုးရှိတဲ့ အသက်ရှင်မှု၊ တန်ဖိုးရှိတဲ့လူသားတစ်ယောက် ဖြစ်လာမှာဖြစ်ကြောင်း၊ တန်ဖိုးရှိစွာနေထိုင်မှ လူနေမှုဘဝမြင့်တတ်လာမှာဖြစ်ပါကြောင်း စသည့်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)