ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မောင်တော ဩဂုတ် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်းကို   ယမန်နေ့ နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ   ဦးနေဦးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ဝင်များအနေဖြင့်  သဘာဝဘေး  မဖြစ်ပေါ်မှီ ၊ ဖြစ်ပွားနေစဉ် ၊ ဖြစ်ပွားပြီး ကာလများအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊  ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ဆိုးကျိုးများကို တတ်နိုင်သမျှ နည်းစေရေးအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။  ထို့နောက် တက်ရောက်လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ကြိုတင် ဆောင်ရွက် ထားရှိမှုများ ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ    မှ ပြန်လည် ပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်၊။

သက်လွင်စိုး(ခရိုင်၊ ပြန်/ဆက်)