ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် ရေကြီး၊ ရေလျှံမှုတို့ကြောင့် နေအိမ်အချို့ပစ္စည်း ဆုံးရှံးခဲ့မှုအပေါ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ပေါင် ဩဂုတ် ၁၉

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ်တွင် ပေါင်မြို့နယ်အတွင်းရှိ ဝဲပတန် ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် ဒရိန်းကျေးရွာတွင် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ် အချို့ ပစ္စည်းဆုံးရှံးခဲ့မှုအပေါ် ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြပြီး လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး