ကမာရွတ်မြို့နယ်တွင် သံင်္ဃာ​တော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

ကမာရွတ် သြဂုတ် ၁၉

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အမှတ်(၂)  ရပ်ကွက် ​ပျော်ဘွယ်ဘုန်း​တော်ကြီး​ကြောင်းတွင် အသက် ၅ နှစ်မှ ၁၅ အထိ သံင်္ဃာအပါး (၇၀) တို့အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို  ယ​မန်နေ့ နံနက်ပိုင်းကတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ​ပျော်ဘွယ်​ကျောင်းတွင် ​သံင်္ဃာ​တော်များကို ကျန်းမာရေးဝန်ထမ်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးရန်ကျန်ရှိသော ကျောင်းများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်ဆက်)