အလုံမြို့နယ်၌ ​သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ​ ဆောင်ရွက်

အလုံ သြဂုတ် ၁

ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သောသွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့ ညနေ ၃ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနအစီအစဉ်ဖြင့် အလုံမြို့နယ်၊ ဆင်မင်းလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ ငုဝါလမ်းအပိုင်(၄)၊ စောရန်ပိုင်မြောက်ရပ်ကွက်တို့ရှိ နေအိမ်များအတွင်းရှိ  ခြင်ခို​အောင်းနိုင်​သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်​သောနေရာများ၊ရေစည်၊ရေအိုးများအတွင်းသို့  အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာ​ပေး​ဆွေး​နွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို