မြောက်ဦး ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို တောင်ရပ်ရပ်ကွက် မော်တော်ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ အဝေးပြေးကားဂိတ်၊ လူများစုဝေးရာ လမ်းသွားလမ်းလာနေရာများ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိ ရသည်။
ထိုနောက် မိဘပြည်သူများရေဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်စေရန်အတွက် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မိမိတို့ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကိုစစ်ဆေးပါ၊ မိသားစုများအရေးပေါ်ပြောင်းရွှေနိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ၊ ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိနိုင်ရန်၊ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားရန် စသည့် ရေးဘေးအတွက် ကြိုဆင်ပြင်ဆင်ရန် အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ် နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက် များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်နှင့် ရှောင်ရှားသင့်သည့် အချက်များတို့ကို လက်ကမ်းစာ စောင်များဖြန့်ဝေပေးရာတွင် မိဘပြည်သူများ သိရှိနားလည်အောင် ရှင်းလင်းပြောကြားပေးခဲ့ ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)