မိုင်းရယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုပြုလုပ်

မိုင်းရယ် ဩဂုတ် ၁၉

မြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2.75၊ BA.4၊ BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီး မိုင်းရယ်မြို့နယ် ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ရေးစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့တွင် ပြုလုပ်သည်။

အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်ဦးဆောင်သည့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြို့လယ်ဘုရားနှင့် ရပ်ကွက်များအတွင်း ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေပြီး ဖြန့်ဝေသည်။

မိုင်းရယ် ပြန်/ဆက်