မိုင်းယောင်းတွင် စာဖတ်ဝိုင်း ကျင်းပ

မိုင်းယောင်း ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ အားပါတဲ့စေတနာစကားများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်းအဖွဲ့နှင့် စာဖတ်ဝါသနာပါသူများအချင်းချင်း မိတ်ဆက်ခဲ့ကြကာ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ အားပါတဲ့ စေတနာစကားများစာအုပ်ကို ဒုတိယဦးစီးမှူး၊ Book Club မှ ဆရာမဒေါ်မေဇင်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူတို့က အသီးသီးဖတ်ကြားခဲ့ကြသည်။

ထို့နောက် စာဖတ်ခြင်းသည် အလိမ္မာကို ပေးစွမ်းနိုင်ရုံမက ဗဟုသုတ၊ ထိုးထွင်းဉာဏ်၊ အသိတရားတို့ကို ပေးစွမ်းနိုင်ကြောင်း၊ စာပေဝါသနာပါသူများ၊ စာဖတ်ဝါသနာပါသူများက မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ၊ မျှဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စိုင်းအောင်ဇော်လင်း