မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး

မိုင်းခုတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စိတ်နှလုံးအေးချမ်းစွာဖြင့် ပညာသင်ယူ၊ သင်ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျောင်းဝင်းအတွင်း ပေါင်းမြက်များနှင့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူတို့က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)