တာချီလိတ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ B သုံးလုံးဆေးဆိုင်အနီးတွင် ယမန်နေ့ည (၉)နာရီ ကျော်ဝန်းကျင်အချိန်၌ ဓားထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်စီးနင်းသူက B သုံးလုံးဆေးဆိုင်နားတွင် ခေတ္တရပ်နားထားစဉ် လုယက်သူက ဆိုင်ကယ်သော့ပေးရန်ဓားဖြင့် ထောက်၍တောင်းရမ်းခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်ရှိလူအများက သတိပြုမိကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ဆိုင်ကယ်လုယက်သူမှာ ယခင်က လုံခြုံရေးကုမ္မဏီတခုတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်နှင့် သိကျွမ်းသူဖြစ်ကြောင်း သိရသည်။
ဓားထောက် ဆိုင်ကယ်လုယူရန်ကြိုးစားသူကို မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)