မြောက်ဦး ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများသို့ ထူးခြားမိုးလေဝသအခြေအနေများအား အသိပေးနှိုးဆော်ခြင်းကို တောင်ရပ်ရပ်ကွက် မော်တော်ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ လူ စည်ကားရာနေများတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေးနှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
ထိုနောက် မိဘပြည်သူများကို အသိပေးနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ တိုင်း ထွာချက်အရ ယမန်နေ့မြန်မာစံတော်ချိန် (၅:၃၀) နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပြီး အဆို ပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီးနောက် (၂၄) နာရိအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် (၂၀.၈.၂၀၂၂) ရက်နေ့အတွင်း မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် လာနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်၊၊ သို့ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ် များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ် ၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ၊ ရေလျှံမှုများကိုကြို တင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)