အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ သွေးလွန်တုပ်ကွေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မရှိစေရန်နှင့် သွေးလွန်တုပ်ကွေးအကြောင်း ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးမိုးမြင့်တို့က သွေးလွန်တုပ်ကွေးဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ သွေးလွန်တုပ်ကွေး အဖြစ်များဆုံးအချိန်၊ သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ချက်များနှင့် သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာများကို ပြည့်စုံစွာ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Onlineမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)