လဲချားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)၊အိမ်ထောင်စု (၁၃၈၈၂)စုအား (Software Program)ထည့်သွင်းခြင်းအား  ကြည့်ရှုအားပေး

လဲချား သြဂုတ် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လဲချားမြို့နယ်ဦးစီးဌာနရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)၊ အိမ်ထောင်စု (၁၃၈၈၂)စုအား Software Program ထည့်သွင်းဆောင်ရွက်ခြင်းအား ကြည့်ရှု့အားပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ကော်မရှင်ရုံးတွင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ အိမ်ထောင်စု လူဦးရေစာရင်းပုံစံရေးသွင်းနေမှုအား လွိုင်လင်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးတို့မှ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)၊ Software Program ထည့်သွင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာဝန်ထမ်းများမှ ပူပေါင်းပါဝင်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ပြီး လဲချားမြို့နယ်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု(၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)