ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရေဝင်ရောက်မှုရှိသော (500+315)KVA transformer) ထရန်စ‌မောမာနှင့် ဆက်စပ်ပစ္စည်းများအား ပြင်ဆင်ဆောင်ရွက်

ဒဂုံအရှေ့ သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မှု​ကြောင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၉)ရပ်ကွက် နော်ခမ်းဦးလမ်းမရှိ (500+315) KVAtransformer ထရန်စ‌မောမာနှင့် 400V pannel,cable များ ရေဝင်နှစ်မြှုပ်မှုများ ဖြစ်ပွားခဲ့ရာပြည်သူများအတွက် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် လျှပ်စစ်မီးပုံမှန်ပြန်လည် ပေးနိုင်ရန်မြို့နယ်လျှပ်စစ်ရုံးမှ ယနေ့ နံနက်(၁၀)နာရီအချိန်က အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဝင်နှစ်မြှုပ်မှုရှိသော (500+315) KVA transformer နှင့် 400V  pannel,cable များအား ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ရုံးမှ အင်ဂျင်နီယာ ဦးအောင်ကိုကို၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ လျှပ်စစ်မီးပုံမှန်ရရှိပီးဖြစ် ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်တွင် ရေဝင်မှုများကြောင့် လျှပ်စစ်ဓာတ်ကြိုးပြတ်တောက်မှုများ၊ သစ်ပင်များ ကျိုးကျခြင်းများဖြစ်‌ပေါ်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်သက်ဆိုင်ရာဌာနများ၏ အရေးပေါ်ခေါ်ဆိုရမည် ဖုန်းနံပါတ်များ အားရပ်ကွက် တာဝန်ရှိသူများဖြင့်ပေါင်းစပ်၍‌ ဆောင်ရွက်ထားရှိကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)