အမ်းမြို့၌ လူငယ်ရေးရာအသိပညာ​ပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားအား ကစားနည်းများပို့ချ

အမ်း ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မား၍ ဗလငါးတန်ပြည့်ဝစေရန် ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို ယမန်နေ့ နေ့လည်က အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိ ပညာ​ပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ သရုပ်ပြ ပို့ချသင်ကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဝေနှင့်ကျောင်းအုပ် ဆရာကြီးက ကျောင်းသား၊ ကျောင်းသူများ အားကိုယ်ကာယလှုပ်ရှားခြင်းကြောင့် ကျန်းမာရွှင်လန်းပြီး စိတ်ကြည်လင်လန်း ဆန်းမှုကိုရရှိစေပြီး ပညာသင်ကြားရာတွင် အထောက်အပံ့ကောင်းများရရှိစေရန်၊ ကျန်းမာပျော်ရွှင်စွာ​​ဖြင့် ပညာသင်ကြားနိုင်စေရန်၊ ဗလငါးတန် ပြည့်ဝစေရန်တို့ကိုရည် ရွယ်လျက်ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဝေ ဦးဆောင်၍ ဝန်ထမ်းမှ တက်ရောက်လာသည့် ကျောင်သား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုက်ကွန်တို အားကစားနည်းများကို သရုပ်ပြသကာ ကိုယ်လက်လှုက်ရှားနည်းများသင်ကြားပေရာ ပျော်ရွှင်စွာလိုက်ပါလေ့ကျင်းခဲ့ကြပြီး မြို့နယ်အားကစားမှူး ဦးကျော်ဝေက အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်(ပြန်/ဆက်)