နမ့်စန်(တ) ဩဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးတေဇာလင်းက ဌာနဆိုင်ရာအသီးသီးက တင်ပြလာသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်နယ်/ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အဆိုပြု လုပ်ငန်းများကို လုပ်ငန်းတစ်ခုချင်းအလိုက် ဖတ်ကြားတင်ပြခဲ့ပြီး ကော်မတီအနေဖြင့် အဆိုပြုလုပ်ငန်းများကို အတည်ပြုပေးရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များက အဆိုပါ အဆိုပြုလုပ်ငန်းများကို အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)