မင်္ဂလာဒုံ သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ပတ္တမြားကျေးလက် ကျန်းမာရေးဌာန၊ မြရတနာကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်ရှိ အောင်စည်းခုံဘုရားလမ်းတွင် နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတတ်ရောက်ကုသလျက်ရှိသည့် မောင်ဟိန်းပြည့်ဇော် (၄)နှစ်၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များအား Case abate (အဘိတ်ဆေး) ခပ်ခြင်းနှင့် Fogging (ခြင်ဆေး) ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်ရန်အတွက် ရေအိုး၊ ကျောက်စည်၊ ပန်းအိုးစသည်တို့တွင် ပိုးလောက်လန်းပေါက်ပွားမှု မရှိစေရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှကာကွယ်ရန် နည်းလမ်းများကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြရတနာကျေးလက် ကျန်းမာရေးဌာနခွဲအပိုင်ဆရာမ ဒေါ်တင်တင်အေးမှ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင်(မင်္ဂလာဒုံ)