လဲချား သြဂုတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအားထောက်ပံံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၂၃)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၃၅)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၈၄၅)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၉၇၅၅၀၀၀/-)ကျပ်ကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့မှတဆင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)