စဉ့်ကူး သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ်ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်စည်ပင်သာယာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကြသည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးသည့် ကာလ(၆)လနှင့်အထက်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၃၃၆)ဦးအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို သြဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)