စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စဉ့်ကူး   သြဂုတ်   ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြုလျာထားရန် မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးရုံး၊ မြို့နယ် ဦးစီးမှူး ဒေါ်ဇင်မာအောင် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စဉ့်ကူးမြို့နယ်အတွင်း ဆောင်ရွက် လိုသည့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများ အဆိုပြု လျာထားမည့်  ဌာနဆိုင်ရာများအလိုက်  စီမံကိန်းလျာထားချက်ကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့​သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သော်တာထွန်း နှင့် ဦးထွန်းညွန့်ဦး၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများဆောင်ရွက်ရန် အဆိုပြုထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက် )