ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၂ အထက်နှင့် ၁၂ နှစ်အောက် ကျောင်းသား၊ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ဆိပ်ကြီးခနောင်တို  ဩဂုတ်  ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ (-ခွဲ) အလကကျောင်းတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၁၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၄၆၈ ဦးနှင့် အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ၊ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျောင်းသား မိဘများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)