ကလော ဩဂုတ် ၁၈
စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာန၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ် စာရေးဆရာအသင်းမှ ဆရာချမ်းမြဆောင်နှင့်ဆရာမ မြသီတာစန်းတို့က အမှတ်ပေးစည်းမျဉ်စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့ စာဖတ်စမ်းရည်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကျရာ ပြိုင်ပွဲတွင်ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် မြို့နယ်စာရေးဆရာအဖွဲ့မှ တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)