မိုင်းလုံ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်/စာစောင်များဌားရမ်းရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ငှားရမ်းသူများပြားလျက်ရှိကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးရာ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများက တစ်နေ့လျှင်(၂၀)ဦးခန့်နေ့စဉ် လာရောက်ငှားရမ်းကြောင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးထံက သိရသည်။
စာအုပ်စာစောင်များ ငှားရမ်းပေးသည့်အပြင် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးသည့် လုပ်ငန်းများလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)